Wanted - AI PA

Imagine
မနက်တိုင်း ကိုယ်မပေးထားပဲ သူ့ဟာသူ အချိန်မီ မြည်လာမယ့် နှိုးစက်သံနဲ့ ထ။
ကိုယ် သွားတိုက် မျက်နှာသစ် အိမ်သာတက် ရေချိုး မနက်စာပြင် ဘာညာလုပ်နေတုန်း ကိုယ်နားထောင်ချင်မယ့် podcast (သို့) ကိုယ့်အကြိုက် သီချင်း playlist (သို့) ကိုယ်သိသင့်မယ့် သတင်းဘာညာကို နားထောင်။
မနက်စာစားနေတုန်း ကိုယ်က "ဘာအရေးကြီးတာရှိလဲ" မေးလိုက်ရင် ကိုယ့်အတွက် အရေးကြီးလောက်တဲ့ mail တွေ၊ message တွေ၊ noti တွေ၊ reminder တွေကို အဖြေပေး။ သူ့အဖြေနားထောင်ရင်း ဘယ် mail ကိုတော့ ဘာပြန်လိုက်၊ ဘယ်သူ့ကိုတော့ ဘာ reply ပို့၊ ဘယ်သူ့ဆီဘာပို့တွေ တစ်ထိုင်တည်းပြော သူကရေးပို့။ Mail တွေဆိုလည်း ကိုယ်ပုံမှန် title ဖတ်ပြီး ဖျက်နေကြ ဆိုလည်း ဖျက်ထား၊ ကိုယ် archive လုပ်နေကြဟာတွေဆိုလည်း လုပ်ထား ပြီး ကိုယ့်ကို ဘယ်က ဘယ်က ဟာတွေတော့ archive တွေ delete တွေ လုပ်ထားတယ်လောက်ပဲ ပြောပြ။ Reminder တွေဆိုလည်း ဘေလ်ဆောင်ဖို့ ဘာညာဆို တစ်ခါတည်း သူ့ဟာသူ ဆောင်ပေး။ ကိုယ့် ငွေအကောင့်တွေထဲ နည်းနေပြီဆိုလည်း တစ်ခါတည်းသတိပေး။ နောက်တစ်ခါတည်း ဒီနေ့ ဘယ်အချိန်ကျရင် ဘယ်သူ့ကို ဘာအတွက် ကိုယ်တိုင်ဖုန်းဆက်ရမယ် (သို့) စာပို့ဖို့ရှိတယ် သတိပေးပါလို့ ပြောရင် သူက reminder မှတ်ထား။
တစ်လက်စတည်း ဒီနေ့ ဘယ်သူနဲ့တွေ့ဖို့ ဘယ်သွားဖို့ရှိတာ မေး။ သွားဖို့အဆင်မပြေတာ ဘာညာ တစ်ခါတည်း သူ့ကိုပြော။ သူက နောက်နေ့ ချိန်းဖို့ လုပ်။ တစ်ခြား သူပြောတဲ့ထဲ မပါတဲ့ တွေ့စရာ သွားစရာတွေ သူ့ကိုသိအောင်ပြော။ တက္ကစီ စီးပြီးသွားဖို့ လိုတာဘာညာဆို သူက တစ်ခါတည်း grab booking ပါ တစ်နေ့လုံးစာ ကြိုလုပ်ပေးထား။ ကိုယ်နဲ့တွေ့မယ့် လူတွေကိုလည်း တွေ့ဖို့ အချိန်နဲ့နေရာ အသိပေးစရာ mail တွေ message တွေ သင့်တော်ရာပို့ပေးထား။
အလုပ်ခုံမှာ ထိုင်ပြီဆို ဦးစားပေး လုပ်စရာအလုပ်တွေ ကိုယ့်ရှေ့ချပေး။ ကိုယ်က ဘယ်ဟာနောက်မှ လုပ်မယ် ဘာညာရွှေ့ရင် သူကမှတ်ထား။ အလုပ်လုပ်နေရင်း သီချင်းနားထောင်ချင်တယ်ပြောရင် ကိုယ်ကြိုက်လောက်မယ့် playlist ဖွင့်ပေး။ အလုပ်လုပ်နေတဲ့အချိန် ဖုန်းတွေ noti တွေကို အရမ်းအရေးကြီးတယ်ထင်မှ ကိုယ့်ကို အသိပေး။ အရေးမကြီးလောက်တာတွေတော့ အလုပ်နားတဲ့ အချိန်ထိ ကိုယ်က မကြည့်ဖြစ်သေးမှ သတိပေး။ ကိုယ့်ကို သတိပေးပါ ပြောထားတဲ့ reminder တွေကိုတော့ အချိန်ရောက်ရင် သူက သတိပေး။
အလုပ်လုပ်နေရင်းလည်း လုပ်နေတာနဲ့ ဆက်စပ်ပြီး ပေါ်လာတဲ့ မှတ်စရာတွေ သူ့ကိုမှတ်ခိုင်း။ အင်တာနက်မှာ၊ ကိုယ့်စက်ထဲမှာ၊ ကိုယ့် mail တွေ storage တွေ၊ work application တွေမှာ ရှာစရာဘာညာ ရှိရင် သူ့ကို ကူရှာခိုင်း။ ကိုယ့်စက်တွေ တစ်ခုနဲ့ တစ်ခုထဲ ဟိုဟာပို့ချင် ဒီကာကူးချင်ရင်လည်း သူ့ပေးလိုက် သူကကူးပေး။ အများနဲ့လုပ်နေတဲ့ အလုပ်တွေထဲက ကိုယ်ကပြီးတာရှိတာနဲ့ သူက သက်ဆိုင်ရာလူတွေကို အသိပေးသင့်တဲ့ နေရာက အသိပေး။
တစ်နေ့ တစ်နေ့ ဝယ်ချင်တာ လိုအပ်တာ ပေါ်လာရင် သူ့ကိုပြောထား။ သူက တွေ့တာတွေ စုပြီး ကိုယ်က ရွေးပြီး confirm တာကို သူက ဝယ်ပေး။ တစ်ချို့ ပုံမှန်ဝယ်နေကြဘာညာဆိုရင်တော့ ကိုယ်က ကုန်နေပြီပြောရင် သူက သူ့ဟာသူ အော်ဒါမှာပေးထား။ တစ်ချို့ ကိုယ်ကြိုက်တဲ့အရာတွေ promo ချ၊ discount ချရင်လည်း သူက ကိုယ့်ကို ပြောပြ။ အနားယူတဲ့အချိန် ဖတ်စရာ သတင်း ဆောင်းပါး စာအုပ်၊ ကြည့်စရာ ရုပ်ရှင်၊ အွန်လိုင်း ဗီဒီယိုတွေ လည်း သူကရှာထားပြီး ကိုယ်ကအဆင်သင့် ဖတ်ရုံ ကြည့်ရုံ။
ညရောက်လို့ ကိုယ်အိပ်သွားရင် ကိုယ့်တစ်နေ့တာလုပ်ဆောင်တာတွေကို သူက ပြန် check၊ မှတ်စုမှတ်၊ ကိုယ့် mail တွေစစ်၊ နောက်နေ့ ကိုယ့်ကို ပြောဖို့ဟာတွေ ပြဖို့ဟာတွေ ပြင်ဆင်၊ နောက်နေ့အတွက် alarm ပေး။