Remote Working Seems Fun

ငယ်ငယ်တုန်းကတော့ ကျောင်းမသွားရပဲ အိမ်မှာနေရရင် တော်တော်ပျော်တာ။ ကြီးလာပြီး အလုပ်လုပ်ရတော့လည်း အလုပ်မလုပ်ပဲ အိမ်မှာနေရရင်ကောင်းမယ် ခဏခဏတွေးမိတယ်။ အခုလို တကယ်တမ်း အိမ်မှာပဲနေရပြီဆိုတဲ့ အခါကျမှ ...


မနက်တိုင်းရုံးချိန်အမီရောက်အောင်ကြိုးစားရတာတွေ၊ ၁နာရီအောက်ထစ်ကြာတဲ့ အစည်းအဝေးတွေ၊ open-space office ဒုက္ခတွေ၊ cubicle office ဒုက္ခတွေ၊ ရုံးဆင်းချိန် ဘတ်စ်ကား ရထားကျပ်တာတွေ၊ အလုပ်လုပ်လို့ကောင်းနေတုန်း ဘေးနားမှာ ဟိုဟာခိုင်း ဒီဟာမေးလုပ်တဲ့လူတွေ၊ ရုံးနားကစားသောက်ဆိုင်တွေက ကိုယ်နဲ့ဓါတ်မတွေ့တာတွေ။

ဒါတွေ အကုန်လွတ်ကင်းတဲ့ ကိုယ့်အိမ်ကပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ချင်ကြတဲ့ ကျွန်တော်တို့တွေ အခုလို တကယ်တမ်း လုပ်ကြရပြီ ဆိုတဲ့ အခါကျမှ ...


အလွယ်လေးတွေးကြည့်ရင် ကိုယ့်အိမ် ကိုယ့်ယာမှာပဲ နေပြီး လုပ်စရာရှိတာလုပ်ပြီး ဝင်ငွေရှာနိုင်မယ်ဆိုတာ လူတိုင်း လိုချင်တဲ့ ဘဝတစ်ခုပါ။ အခုတော့ ဒီဘဝကြီးက အိပ်မက်မဟုတ်ပဲ တကယ်ဖြစ်လာပါပြီ။ ဘယ်လိုနေလဲ။ အဆင်ပြေကြလား။